ယဉ်ကျေးမှုပေါင်းစုံရှိသော ဗစ်တိုးရီးယား

ဗစ်တိုးရီးယားပြည်နယ်သည် ကမ္ဘာပေါ်၌ ထွေပြားမှုနှင့် စည်းလုံးညီညွတ်မှု အများဆုံးရှိသော လူ့ဘောင်အဖွဲ့အစည်းများအနက် တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ ပြည်နယ်သားများသည် နိုင်ငံပေါင်း ၂၀၀ ကျော်မှ လာကြပြီး၊ ဘာသာစကားများ သို့မဟုတ် ဒေသိယစကားပေါင်း ၂၆၀ ပြောဆိုကြကာ မတူညီသော ဘာသာရေးယုံကြည်မှုပေါင်း ၁၃၅ ခုကို ကိုးကွယ်ကျင့်သုံးကြသည်။

ဗစ်တိုးရီးယား အစိုးရသည် လူတိုင်းမှ လူမှုအဖွဲ့အစည်း၌ ပါဝင်နိုင်ကြပြီး လူတို့အနေနှင့် မိမိတို့၏ ယဉ်ကျေးမှု၊ ဘာသာစကား သို့မဟုတ် ဘာသာရေးအယူဝါဒကို ပဓာနမထားဘဲ ဝန်ဆောင်မှုများကို ရယူနိုင်ရာ ကျောသားရင်သား မခွဲသည့် ယဉ်ကျေးမှုပေါင်းစုံ လူ့ဘောင်အဖွဲ့အစည်းကို အားပေးထောက်ခံသည်။

ဗစ်တိုးရီးယား အစိုးရသည် ယဉ်ကျေးမှုပေါင်းစုံ လူမှုအဖွဲ့အစည်းများအား အောက်ပါတို့အရ ကူညီနိုင်ပါသည်။

  • လူမှုရေးဆိုင်ရာ ကျင်းပပွဲများ၊ သက်ကြီးအုပ်စုများ၊ အဖွဲ့အစည်းဆိုင်ရာ ကူညီထောက်ပံ့မှု၊ သီးသန့် ဘာသာစကားကျောင်းများနှင့် အခြားသော ရှေ့ဆောင်လမ်းပြ ဆောင်ရွက်လှုပ်ရှားမှုများတို့အတွက် လူမှုအဖွဲ့အစည်းဆိုင်ရာ ထောက်ပံ့ကြေးများ
  • အဆောက်အဦများနှင့် ပစ္စည်းပစ္စယများကို ဆောက်လုပ်ရန် သို့မဟုတ် မွမ်းမံရန်အတွက် အခြေခံအဆောက်အအုံဆိုင်ရာ ထောက်ပံ့ကြေးများ
  • နေရာချထားရေး လိုအပ်မှုများအပါအဝင် လူမှုအဖွဲ့အစည်းဆိုင်ရာ အကြောင်းကိစ္စများကို အလိုက်သင့် တုံ့ပြန်ပေးသည့် ရှေ့ဆောင်လမ်းပြ ဆောင်ရွက်လှုပ်ရှားမှုများအတွက် ထောက်ပံ့ကြေးများ
  • ယဉ်ကျေးမှုနှင့် ဘာသာရေး ထွေပြားခြားနားမှုအား နားလည်ရေးကို မြှင့်တင်ရန်နှင့် လူမှုအဖွဲ့အစည်း၌ သဟဇာတရှိရေးကို မြှင့်တင်ရန် ယဉ်ကျေးမှုနှင့် ဘာသာရေး မတူ ခြားနားကြသူများအကြား၊ ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ပေးမှုများတို့ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ထွေပြားခြားနားမှုကို အောက်ပါ အဓိကသော လူမှုရေးဆိုင်ရာ ကျင်းပပွဲများ အပါအဝင်ဖြစ်သည့် ပွဲစဉ်များဖြင့်လည်း ဂုဏ်ယူကျင်းပပါသည်။ ပြည်နယ် ဝန်ကြီးချုပ်၏ အပျော်အရွှင် ညစာစားပွဲ (Premier’s Gala Dinner)၊ ယဉ်ကျေးမှု ထွေပြားခြားနားခြင်း ကျင်းပရေး သီတင်းအပါတ် (Cultural Diversity Week) ဗီဗာ ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ဖျော်ဖြေပွဲ (Viva Victoria Multicultural Festival) နှင့် ဗစ်တိုးရီးယား၏ ယဉ်ကျေးမှုပေါင်းစုံဆိုင်ရာ ထူးချွန်မှု ဆုပေးပွဲ (Victoria’s Multicultural Awards for Excellence) တို့ဖြစ်သည်။

သတင်းအချက်အလက်များကို သင့် ဘာသာစကားဖြင့် ဒေါင်းလုပ် လုပ်ပါ

Events Calendar

  • 01 Aug

    Sicily: A Mosaic of Stories

    more >
  • 12 Aug

    Knox Interfaith Tours

    more >
  • 19 Aug

    HK 20 & Chao Feng 35

    more >
  • 13 Sep

    Cultural Diversity and News in Australia symposium

    more >
find more events here >